This course is intended for people who have an interest to learn about transport ecology, an important topic under conservation and sustainable development. After learning this course, students are expected to perceive the introduction to transport ecology by learning how the railway and other linear infrastructures have impacted biodiversity and its ecosystem; and how to make mitigation measures. Moreover, they will be able to know about incorporating natural capital for planning sustainable and climate-resilient infrastructure.
This course is prepared by World Wide Fund for Nature Myanmar (WWF) by the invitation of Thant Myanmar. WWF is the world’s leading conservation organization which has been working for over 60 years, operating in nearly 100 countries. Established in Myanmar in 2015, WWF has offices in Yangon and Dawei with two target conservation in two areas: the Ayeyarwaddy River Landscape and the Dawna Tenasserim Landscape. Other focus areas include Climate and Energy, Wildlife, Illegal Wildlife, Forest, Freshwater, Sustainable Agriculture, Sustainable Finance, and Sustainable Infrastructure.
ဤ သင်ခန်းစာကို သယ်ယူပို့ဆောင်ရေး ဂေဟစနစ်သည် သဘာဝနှင့် လိုက်လျောညီထွေစွာနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မည်မျှ အရေးကြီးသည့်အကြောင်း သိရှိလိုသူများ အတွက် ရည်ရွယ် ပြုစုထားခြင်း ဖြစ်ပါသည်။ ဤသင်ခန်းစာကို သင်ယူ ပြီးမြောက်ပါက ကမ္ဘာတဝန်းရှိ မီးရထားလမ်းအပါအဝင် အခြား လမ်းတံတားပို့ဆောင်ရေး အခြေခံအဆောက်အအုံများ၏ ဇီဝ မျိုးကွဲစိတ်များ၊ သဘာဝ ဂေဟစနစ်များအပေါ် မည်သို့ မည်ပုံ သက်ရောက်မှုများ ရှိနိုင်သည်၊ ၎င်းသက်ရောက်မှုများအား မည်သည့်နည်းလမ်းများဖြင့် ရှောင်ရှားလျှော့ချနိုင်သည် စသည့် သယ်ယူပို့ဆောင်ရေး ဂေဟစနစ်အကြောင်း ကနဦး အစပျိုး သိရှိနားလည်သွားမည်ဖြစ်သည်။ လျော့ပါး သက်သာစေခြင်း အဆင့်ဆင့်သည် အခြေခံကျသော ချဥ်းကပ်မှု ဖြစ်ပြီး ၄င်းမှာ ရှောင်လွှဲမရသော သက်ရောက်မှုများ ကို လျှော့ချခြင်းနှင့် လျော့ပါးစေခြင်း၊ ကျန်ရှိနေသည့် သက်ရောက်မှုများ အတွက် အစားထိုး နေရာ ပြန်လည်ချထားပေးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း တို့ လိုက်ပါလာသည်။ သဘာဝကို မထိခိုက်စေဘဲ စီးပွားတိုးတက်ရေး စီမံရေးဆွဲခြင်းနှင့် စီမံကိန်းရေးဆွဲရာတွင် သဘာဝ အရင်းအနှီး ထည့်သွင်း စဉ်းစားခြင်းနှင့် တည်နေရာ ရှာဖွေခြင်း မိတ်ဆက် ကိုလည်း ဆွေးနွေး တင်ပြထားသည်။
ထို့အပြင် ရေရှည် တည်တံ့ပြီး ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုဒဏ်ခံနိုင်သည့် အခြေခံ အဆောက်အအုံများ စီမံကိန်းရေးဆွဲရာ၌ သဘာဝ အရင်းအနှီးအား ထည့်သွင်း စဉ်းစားသင့်သည့် အချက်များကိုလည်း သိရှိနားလည်သွားမည်ဖြစ်သည်။ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် သဘာဝ အရင်းအနှီးနှင့် ၄င်း၏ ဂေဟစနစ်တို့ အခန်းကဏ္ဍ ကို ထည့်သွင်း စဥ်းစားခြင်းသည် ပိုမိုထိရောက်သော၊ ရေရှည် တည်တံ့ခိုင်မြဲပြီး အားလုံး ပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ရန် အတွက် အလွန်အရေးကြီးပါသည်။ မီးရထားလမ်းစီမံကိန်းနှင့် ဂေဟဗေဒဆိုင်ရာ သက်ရောက်မှုများ၊ တောရိုင်းတိရိစ္ဆာန်နှင့် ထိခိုက်မှုများ၊ အတားအဆီး သက်ရောက်မှုများ၊ ဆူညံသံနှင့် ဓာတုညစ်ညမ်းမှုများ စသည်တို့အား ရှောင်ရှားခြင်း၊ လျှော့ချခြင်း၊ လျော့နည်းစေခြင်းနှင့် ပြန်လည်အစားထိုးခြင်း တို့ကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဂေဟဗေဒမိတ်ဆက်အနေဖြင့် လေ့လာ သင်ယူ ရမည်ဖြစ်သည်။ ထို့ကြောင့် ဤသင်တန်းသည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဂေဟဗေဒမိတ်ဆက်နှင့် သက်ရောက်မှုများကို လျော့ပါး သက်သာစေခြင်း နည်းလမ်းများ အပြင် နိုင်ငံ၏ အခြေခံ အဆောက်အအုံ စီမံကိန်းရေးဆွဲရာတွင် သဘာဝအရင်းအနှီးနှင့် ဂေဟစနစ်တို့၏ အရေးပါပုံတို့ကို လေ့လာ သိရှိခြင်းအားဖြင့် အကျိုးကျေးဇူးများ ရရှိစေမှာ ဖြစ်ပါသည်။
ဤသင်တန်းကို သန့်မြန်မာ၏ ဖိတ်ခေါ်မှုဖြင့် World Wide Fund for Nature Myanmar (WWF) မှစီစဥ်ပို့ချထားခြင်းဖြစ်ပါသည်။ WWF သည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၁၀၀ နီးပါးတွင် နှစ်ပေါင်း ၆၀ ကျော်ကြာထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်နေသော ထင်ရှားသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ WWF Myanmar ကို ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်နှင့် ထားဝယ်မြို့များတွင် ရုံးခန်းများဖွင့်လှစ်ထားပါသည်။ လက်ရှိတွင် Target Conservation Area နှစ်နေရာရှိပြီး ဧရာဝတီမြစ်ဒေသနှင့် ဒေါနတနင်္သာရီဒေသများတွင် ဖြစ်ပါသည်။ အခြားဦးတည်လုပ်ဆောင်ချက်များတွင် ရာသီဥတုနှင့် စွမ်းအင်၊ တောရိုင်းတိရိစ္ဆာန်၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များရောင်းဝယ်ဖောက်ကားမှု၊ သစ်တော၊ ရေချို၊ ရေရှည်တည်တံ့ကောင်းမွန်သော စိုက်ပျိုးရေး၊ ငွေကြေးနှင့်် အခြေခံအဆောက်အအုံကဏ္ဍများလည်း ပါဝင်ပါသည်။
What you’ll learn
- ကမ္ဘာအနှံ့ မီးရထားလမ်းများ၊ အခြား လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံများ၏ ဂေဟစနစ်အပေါ် သက်ရောက်မှုများ
- ဘေးပတ်ဝန်းကျင်တစ်ခုလုံးဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းနှင့် စီမံကိန်းသတ်မှတ်ရေးဆွဲရာ၌ သိရှိသင့်သည့် သဘာဝအရင်းအနှီးအကြောင်း မိတ်ဆက်
- ရေရှည်တည်တံ့ပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဒဏ်ခံနိုင်သည့် အခြေခံအဆောက်အအုံများ စီမံကိန်းရေးဆွဲရာတွင် သဘာဝအရင်းအနှီးအား ထည့်သွင်းစဉ်းစားခြင်း
- မီးရထားလမ်းစီမံကိန်းရေးဆွဲခြင်းနှင့်ဂေဟစနစ်အပေါ်သက်ရောက်မှုများ- တောရိုင်းတိရစ္ဆာန်များသေဆုံးမှု၊ အတားအဆီးဖြစ်စေသည့်ကိစ္စရပ်များ၊ အသံနှင့်ဓာတုညစ်ညမ်းမှုများ
Are there any course requirements or prerequisites?
- သယ်ယူပို့ဆောင်ရေး ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း လေ့လာသင်ယူလိုစိတ်
Who this course is for:
- သယ်ယူပို့ဆောင်ရေး ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း လေ့လာသင်ယူလိုသူ မည်သူမဆို
ABOUT INSTRUCTOR

Thant Myanmar
Non-Profit Environmental Organization
Thant Myanmar is an organization born out of a movement to fight plastic pollution. It was registered in February 2019 as a non-profit company continuing its campaigns and public awareness raising and also doing contractual work on the topics of waste management, surveys and research, development of toolkits and guides for the private sector. Now Thant Myanmar’s clients range from the World Bank to UN programs, NGOs working in conservation and tourism as well as private sector industries developing waste reduction efforts in their specific industry.
Thant Myanmar is mainly operating in the following fields:
- Public awareness raising on the environmental impact of plastic and promotion of sustainable alternative
- Community engagement through its large volunteer network of CSOs who use our material and tools to change behavior on the ground. More than 50 trainings have been delivered with practical demonstrations and community management support to CSOs in both urban and rural Myanmar.
- Consulting organizations, companies and the hospitality sector in shifting to alternative solutions
- Consulting towns CDDs and rural communities in improved waste management
- Advocacy to government through research (currently discontinued due change in government)
- Environmental education to school and university students on topics of plastic pollution reduction, community solid waste management in both rural and urban Myanmar and climate change
- Trainings to youth organizations on practical approaches to implement solid waste management through their network. More than 20 such trainings have been delivered to youth till date.
- Skill level: All Levels
- Lectures: 5
- Video: total 2 hours
- Languages: Burmese
- Captions: No
- Certificate: No
Course Content
Section 1: Speakers and Introduction
About Instructor
